About the next Debate

DVBdebate Taxကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေအနေနဲ့ တိုင်းပြည်ကို အခွန်ကောက်ခံမှုကနေ ရရှိတဲ့ ၀င်ငွေနဲ့ အဓိကရပ်တည်နေကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အခွန်ထမ်းပြည်သူတွေရဲ့ ပေးဆောင်ရတဲ့ အခွန်နဲ့ထိုက်တန်တဲ့ ၀န်ဆောင်မှု (ကျန်းမာရေး၊ပညာရေး၊လုံခြုံရေး၊
ကယ်ဆယ်ရေး)ကို အစိုးရတွေက ပြန်လည် ဖြည့်ဆည်းပေးထားပါတယ်။ ဒါကလည်း ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ အစိုးရနဲ့ပြည်သူအကြား တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၇၄ ခုနှစ် ၀င်ငွေခွန်ဥပဒေ၊ ၁၉၉၀ ခုနှစ် ကုန်သွယ်လုပ်ငန်း ဥပဒေ စသဖြင့် ရေးစွဲပြဋ္ဌာန်းပြီး အခွန်စည်းကျပ်ကောက်ခံခဲ့ပါတယ်။
ဒါပေမယ့် အကျင့်ပျက်ခြစားမှုတွေနဲ့ အစိုးရနဲ့ပြည်သူကြား တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကြောင့် တိုင်းပြည်ဟာ အခွန်ဝင်ငွေကို အဓိကထားပြီး မရပ်တည်နိုင်ခဲ့ပါဘူး။
အာလုံးသိထားကြတဲ့အတိုင်း ရှိနေတဲ့သံယံဇာတတွေကိုပဲထုတ်ရောင်းချပြီး ရရှိလာတဲ့ဝင်ငွေနဲ့ရပ်တည်လာခဲ့ကြတာပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးမှာတော့ ပြောင်းလဲ
လာတဲ့ မူဝါဒတွေနဲ့အတူ ရှေ့ကို အင်အားအပြည့်နဲ့သွားနိုင်ဖို့ အခွန်စနစ်
တစ်ရပ်လည်း ပီပီပြင်ပြင်လိုအပ်လာပါတယ်။
ဒါကြောင့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစတင်ကာ တစ်လကို လစာ ကျပ် တစ်သိန်းနှစ်သောင်း နဲ့အထက်ရရှိသူတွေဟာ အခွန်ငွေပေးဆောင်ရမယ်လို့ တရားဝင်ပြဋ္ဌာန်းပြီး အစိုးရသစ်အနေနဲ့ အခွန်ကောက်ခံခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ငွေကျပ် ဘီလီယံပေါင်း ၁၃၀၀ လောက်ရရှိခဲ့ပါတယ်။ ဒါဟာ သူ့အရင်နှစ်ထက် နှစ်ဆကျော် ဘဏ္ဍာငွေရရှိ
ခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ပညာရေး၊ ကျန်းမာရေး တို့တွေမှာ အသုံးစရိတ်တွေကို ပိုမိုချပေးနိုင်ခဲ့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနကဆိုပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ အခွန်စနစ်ဥပဒေတစ်ရပ်ကို လွှတ်တော်က အသစ်ပြန် လည်းရေးဆွဲခဲ့ပြီး ရေးဆွဲလိုက်တဲ့ ၀င်ငွေခွန်ဥပဒေအရ တစ်နှစ်ဝင်ငွေ ငွေကျပ် သိန်း ၂၀ နဲ့အထက်ရရှိသူ မည်သူမဆို ၀င်ငွေခွန်ပေးဆောင် ရတော့မှာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ လာမယ့်နှစ်မှာ အခွန်ငွေကျပ်ငွေ ၅ ထရီလျံအထိကောက်ယူနိုင်ဖို သမ္မတဦးသိန်းစိန်အစိုးရက လွှတ်တော်ကို တင်ပြထားပါတယ်။
ဒါပေမယ့်လည်း အခုချိန်ထိ အခွန်ရှောင်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး အခွန်ဥပဒေအပေါ်ကိုလည်း ပြည်သူတွေအနေနဲ့
ကောင်းစွာသိနားလည်မှုမရှိသေးတာကို တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလတစ်ခုလုံးမှာ ၀င်ငွေခွန်၊ကုန်သွယ်ခွန်၊အမြတ်ခွန်နဲ့ အခြားအခွန်ကောက်ခံမှုတွေကို တင်ကျပ်မှုမရှိခဲ့ဘဲ အခုလိုဒီမိုကရေစီ အသွင်ပြောင်းလဲချိန်မှာ အခွန်ဆိုင်ရာတင်းကျပ်တဲ့ဥပဒေတွေနဲ့
အခွန်ရှောင်သူတွေကို အရေးယူသွားမယ်လို့လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုထားပါတယ်။

အစိုးရသစ်အနေနဲ့ ဒီမိုကရေစီလို့အော်နေပြီး အခွန်ပေးဆောင်ဖို့ ဖိအားပေးနေပေမယ့် ပြည်သူတွေအပေါ် ဘယ်လိုဝန်ဆောင်မှုပေးမယ်၊ ဘယ်လိုအကာအကွယ်ပေးမယ်ဆိုတဲ့ လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကို
တော့ ကြီးကြီးမားမားမတွေ့ရသေးဘူးလို့ လေ့လာသူတွေက
ထောက်ပြပြောဆိုထားပါတယ်။ ပြည်သူတွေအကြားမှာလည်း အခွန်ဆောင်မယ်ဆိုရင် အစိုးရအနေနဲ့ ဘာတွေပြန်လုပ်ပေးမှာလဲ ဆိုတဲ့အသံတွေ အခုချိန်မှာ ထွက်ပေါ်လာပါပြီ။

ဒါကြောင့် အခုအပတ်မှာ “ ဒီမိုကရေစီစနစ်မှာ အခွန်နဲ့အစိုးရ၀န်ဆောင်
မှုတွေအကြား ဘယ်လိုစိန်ခေါ်မှုတွေရှိလာမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ အထက်ပါ အကြောင်းအရာတွေအပေါ်အကြေအလည် အဆွေးနွေးသွားကြမှာဖြစ်ပါတယ်။