About the next debate:Boat People

Untitled-1

ယခုလပိုင်းအတွင်း ဒေသတွင်းနိုင်ငံတွေသာမက နိုင်ငံတကာထိပါပျံ့နှံ့ရောက်ရှိသွားတဲ့ ကိစ္စကတော့ ဘင်္ဂလား ပင်လယ်နဲ့ မလက္ကာရေလက်ကြားက Boat People ခေါ် လှေစီးဒုက္ခသည်တွေအရေးပဲဖြစ်ပါတယ်။ အမှန်တော့ ဒီပြဿနာတွေဟာ အခုမှဖြစ်လာတဲ့ အရေးကိစ္စတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာတော့ ထိုင်း၊မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေက လူကုန်ကူးမှုတွေကို ဖိဖိစီးစီး ဖော်ထုတ်အရေးယူလာရာကနေ ပင်လယ်ပြင်မှာဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည်ပေါင်းဟာ မေလအတွင်းမှာပဲ ၃၅၀၀ လောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်ထဲ လှေစီးဒုက္ခသည် ၇၀၀၀ လောက်ရှိနိုင်သေးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကခန့်မှန်းပြောဆိုထားပါတယ်။
ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ထုတ်ပြန်ချက်မှာတော့ အခုနှစ် ၃ လပတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ရောက်ရှိလာတဲ့ လှေစီးဒုက္ခသည်ပေါင်း ၂သောင်းခွဲလောက်ရှိပြီလို့ ဖော်ပြ ထားပါတယ်။
ဒါကြောင့် လှေစီးဒုက္ခသည်တွေအရေးဟာ ထင်မှတ်မထားလောက်အောင် တဖြည်းဖြည်းကြီးထွားလာနေပြီး ဒီလှေစီး ဒုက္ခသည်တွေဟာ ဘယ်ကလာတာလဲ၊ ဘယ်သူတွေလဲ၊ ဘာကြောင့် ဘယ်ကိုသွားနေကြတာလဲ ဆိုတာတွေကို ဒေသတွင်းအပါအ၀င် ကမ္ဘာ့မီဒီယာတွေအပေါ်မှာ လူတွေစိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အကြောင်းတွေဖြစ်လာနေပါတယ်။
နိုင်ငံတကာအစိုးရနဲ့ သတင်းမီဒီယာအများစုကတော့ ဒီကိစ္စရဲ့အရင်းခံနဲ့ လှေစီးဒုက္ခသည်အရေးကို မြန်မာ
နိုင်ငံအပေါ် ပုံချအဖြေရှာဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ လှေစီး
ဒုက္ခသည်အားလုံးဟာ မြန်မာနိုင်ငံကမဟုတ်သလို အခုလိုလှေတွေနဲ့ရွှေ့ပြောင်းနေသူတွေဟာ မြန်မာနိုင်ငံ
ကလို့ပြောရင် ဒုက္ခသည်အဆင့်ကိုအလွယ်တကူရရှိတာကြောင့် လူကုန်ကူးသူတွေက မြန်မာနိုင်ငံကလို့
ပြောဆိုနေကြတာဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့က နိုင်ငံတကာကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာ
ပဲ လှေစီးဒုက္ခသည် ၂၀၈ ဦးတင်ဆောင်လာတဲ့ လှေ ၂စီးကို မြန်မာ့ရေပိုင်နက်ထဲမှာဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီထဲက အယောက် ၂၀၀ ဟာ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေဖြစ်တယ်လို့ စစ်ဆေးတွေ့၇ှိချက်တွေကဆို
ပါတယ်။ နောက်တစ်နေ့မှာပဲ ဒါကို ရန်ကုန် အခြေစိုက်ကုလသမဂ္ဂ ပြန်ကြားရေးရုံးကလည်း အတည်ပြုကြေ ညာလိုက်ပါတယ်။
အခုလိုကြီးထွားလာနေတဲ့ လှေစီးဒုက္ခသည်တွေအရေးနဲ့ပတ်သတ်ပြီး မတ်လ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပ မယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံစုံ အစည်းအဝေးမှာ ထိုင်း၊ မြန်မာ၊ မလေးရှား တို့အပါအ၀င် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမေရိကန်ပြည်ထောင်စုဘက်ကလည်း တက်ရောက်ဆွေးနွေးအဖြေ ရှာသွားကြမယ်လို့ သိရပါတယ်။
ဒီဗီဘီ ရဲ့ အကြေအလည်ဆွေးနွေးခန်းအစီအစဉ်ဖြစ်တဲ့ ဒီဗီဘီ ဒီဘိတ်ရဲ့ အခုအပတ်အစီအစဉ်မှာလည်း
အထက်ပါ လှေစီးဒုက္ခသည်အရေး ဘယ်လိုအဖြေရှာကြမလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။
၃၁.၅.၂၀၁၅ ရက်(တနင်္ဂနွေနေ့)ညနေ ၃ နာရီမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အဓိကအခြေမခံတဲ့ လှေစီဒုက္ခသည်တွေအရေးသက်သက်ကိုသာ အဓိကထားဆွေးနွေးသွားကြ မှာလည်းဖြစ်ပါတယ်။

You can come and join with DVB Debate!