About the next debate:Parenting

????????????????????????????

လာမယ့်ဇွန် ၁ ရက်နေ့ဟာ နိုင်ငံတကာကလေးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အပြောင်းအလဲတွေ
များစွာနဲ့အတူ အနာဂတ်စိန်ခေါ်မှုတွေကိုဖြေရှင်းမယ့်သူတွေဟာ ဒီကနေ့ကလေးသူငယ်တွေသာဖြစ်တယ်လို့
လက္ခံယုံကြည်တဲ့၊ ကလေးတွေပေါ်တန်ဖိုးထားတဲ့ နိုင်ငံတကာခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ ၁၉၂၅ ခုနှစ်
ဇွန်လ ၁ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ကလေးတွေ အပေါ်အကောင်းဆုံးဖြစ်အောင် ဘာလုပ်ပေးနိုင်မလဲ ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ နိုင်ငံတကာလေးများနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို အဓိကပုံသွင်းဖော်ဆောင်သွားမယ့်သူတွေဟာလည်း ဒီကနေ့ကလေး လူငယ်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလူငယ်တွေ အရည်အသွေးမြင့်ဖို့ လူ့အဖွဲ့အစည်းနဲ့သဟဇာဖြစ်ဖို့ လူကောင်းလူတော်တွေဖြစ်ဖို့ မိဘတွေရဲ့မှန်ကန်တဲ့ထိန်းကျောင်းမှုတွေက အရေးကြီးတဲ့အခန်ကဏ္ဍ မှာရှိနေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်နဲ့ ဆရာ၊ဆရာမတွေရဲ့ အရည်အချင်းကျွမ်းကျင်မှု
ဟာလည်း အရေးကြီးပါတယ်။

ဗိုင်းကောင်းကျောက်ဖိ ဆိုတဲ့စကားတစ်ခုရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီး
တွေကို လိမ္မာယဉ်ကျေးပြီး သတ်မှတ်ထားတဲ့ဘောင်ထဲရောက်အောင် သွန်သင်ဆုံးမထားတာကိုဆိုတာဖြစ်
ပါတယ်။ ဒါပေမယ့် အဲဒီဗိုင်းကောင်းကျောက်ဖိကလေးတွေဟာ တော်မယ်၊ တတ်မယ် ထူးချွှန်မယ်လို့တော့ သေချာပေါက်ပြောလို့မရနိုင်ပါဘူး။ ဒါ့အပြင် မြန်မာမိဘတွေဟာ သားသမီးတွေကို စိုးရိမ်စိတ်လွန်ကဲစွာနဲ့ ပူပန်တတ်ကြပြီး စောင့်ရှောက် မှုတွေအလွန်အကျွံလုပ်လေ့ရှိကြပါတယ်။ အဲဒီကနေတစ်ဆင့် အကြောက် တရားကိုအခြေခံတဲ့ သွန်သင်ဆုံးမမှုတွေ ခြုပ်ချယ်မှုတွေလုပ်လာကြရာက ကလေးတွေဟာ ဘယ်အရာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘဲ သူများကိုချည်းအား ကိုးနေကြရပါတော့တယ်။ ဒါပေမယ့် မိဘတွေဘက်ကကြည့်ပြန်တော့ မိဘစကားကို မြေ၀ယ်မကျနားထောင်နေတာနဲ့တင် ကျေနပ်ဂုဏ်ယူနေကြ တာကိုလည်း တစ်ဖက်မှာတွေ့နေရပြန်ပါတယ်။
ဒါ့ကြောင့် သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်း လဲသွားတဲ့ကလေး တွေရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုစုပျိုးထောင်ကြဖို့လည်းလိုပါတယ်။ ဒါ့အပြင် ခေတ်ကာလ နဲ့ လိုက်လျှောညီထွေဖြစ်တဲ့ ပြုစုပျိုးထောင်မှုလည်းလိုအပ်ပါတယ်။

 

အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ အထက်ပါအကြောင်းအရာတွေအပေါ်အခြေခံပြီး “ မိဘတွေရဲ့ သားသမီးအပေါ်
ထိန်းကျောင်းမှုက ဘယ်လိုမျိုးဖြစ်သင့်လဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ မိဘနဲ့သားသမီးကြားက အပြန်အလှန်လိုအပ်
ချက်တွေ၊ ရှေးရိုးစွဲဆန်တဲ့ သွန်သင်ဆုံမမှုတွေဟာ လက်တွေ့ကျရဲ့လား… ထူးချွန်ထက်မြတ်တဲ့၊ မိမိကိုယ်ကို
အားကိုးတတ်တဲ့ သူတွေဖြစ်ဖို့ ဘယ်လိုသွန်သင်ဆုံးမမှုက အဓိကကျသလဲ၊ ခေတ်စနစ်နဲ့လိုက်လျောညီထွေ ဖြစ်တဲ့ထိန်းကျောင်းမှုက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအပြင်ကိုရောက်သွားစေနိုင်မလား….စသဖြင့် ဒီဘိတ်
ပြုလုပ်သွားမှာဖြစ်ပါတယ်။