About the next debate:When does sound become noise?

14294_424755731038544_2934410024301883236_n
အခုအပတ် DVB Debate ကို ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ကပြုလုပ်သွားခဲ့တဲ့ ဒီဘိတ်ကို ထုတ်လွှင့်ပြသ
သွားမှာဖြစ်ပါတယ်။ မဟာအခါသင်္ကြန်ကာလနဲ့တိုက်နေတာကြောင့် ကြိုရိုက်ခဲ့တာဖြစ်ပါတယ်။
အဒီကနေ့ လူမှုပတ်ဝန်းကျငကြာင်းအရာကတော့ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့နေ၇တဲ့ ဆူညံသံတွေအကြောင်းဖြစ်ပါတယ်။
တဖြည်းဖြည်းဆိုးရွားလာနေတဲ့ ကားသံ၊ ဟွန်းသံ၊ လော်စပီကာအသံ၊ မီးစက်သံ၊ ထုသံရိုက်သံတွေနဲ့ အနီး ပတ်ဝန်းကျင်မှာရှိတဲ့ အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းတွေကထွက်တဲ့ ဆူညံသံ စတဲ့ဆူညံသံတွေဟာ နေ့စဉ်လူမှုဘ၀တွေအပေါ် တဖြည်းဖြည်း၇ိုက်ခတ်လာနေပြီဖြစ်ပါတယ်။
ဆူညံသံတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေများစွာရှိနေပါတယ်။ ဒီအပေါ်မှာ လူ့အဖွဲ့စည်း တစ်ခုလုံးက သတိပြုမိလာဖို့ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တိကျတဲ့မူဝါဒတွေချမှတ်ကိုင်တွယ် မှုတွေလုပ်ဖို့ လိုအပ်လာနေပါပြီ။ တစ်ဖတ်မှာလည်း များပြားလှတဲ့ မြန်မာနိုင်ငံရဲ့ ပွဲတော် ယဉ်ကျေးမှု၊ အလှူခံလော်စပီကာယဉ်
ကျေးမှု သာရေး၊နာရေး စတဲ့ ယဉ်ကျေးမှုတွေနဲ့ ဒီကနေ့ ဒီမိုရေစီစံနှုန်းပြည့်ဝတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြား ပွတ်တိုက်မှုတွေရှိနိုင်ပါတယ်။
ဒါကြောင့် အခုအပတ်ဒီဘိတ်မှာ “ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ညံလွန်းနေပြီလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆူညံသံတွေကို ဘယ်လိုထိန်းချုပ်ကြလဲ၊ ဘယ်လောက်ဖြစ်နိုင်မလဲ၊ ဘယ်သူတွေမှာ အဓိကတာဝန်ရှိသလဲ ဆိုတာတွေအပေါ် ဒီဘိတ်ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ည ၇ နာရီ ၁၅ မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။