Highlights of the disability debate

 

“ကျနော်တို့ မသန်စွမ်းတွေလဲ ပုံမှန်လုပ်ငန်းခွင်ထဲမှာ ပါဝင်လုပ်ကိုင်ချင်တယ်။ မသန်စွမ်းထဲမှာမှ ထူးချွန်သူတွေကိုပဲ တော်ကောက်ကြတယ်. အရည်အချင်းရှိပြီးတော့..မွေးလာကတည်းက ပညာသင်ကြားဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ အခွင့်အရေးတွေမရဘဲ လူမှုအသိုင်းအ၀ို…င်းထဲရောက်မလာတာတွေလည်း အများကြီးရှိနေပါတယ်။”
ဦးမြတ်သူဝင်း – ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ
……………………………………………………..
“မသန်စွမ်းကာကွယ်ရေးဥပဒေထဲမှာ ကျနော်တို့ မသန်စွမ်းတွေ ပါဝင်ရေးဆွဲခဲ့တာမှန်တယ်၊ ကျနော်တို့ အကြံပေးခဲ့တာတွေ၊ ထည့်စေချင်တဲ့ အချက်တွေ..ထွက်လာမယ့် ဥပဒေထဲ ဘယ်လောက်ပါမလဲ အရေးကြီးတယ်။ ဥပဒေထွက်ပြီ.. ထွက်ပြီးရင် ဥပဒေအတိုင်း လိုက်နာကျင့်သုံးဖို့လိုသေးတ…ယ်။ မသန်စွမ်းဥပဒေ အမြန်ထွက်ဖို့ လူထုက တောင်းဆိုချင်ရင်တောင် လုပ်ပိုင်ခွင့်ရှိနေတာက လူမှုဝန်ထမ်းကလေ”  ဦးဇင်မင်းထက်
……………………………………………………
“ကျမတို့မသန်စွမ်းတွေကိုဆို အပြုစုခံ အစောင့်ရှောက်ခံလို့ သဘောထားနေတယ်။ မသန်စွမ်းတွေအတွက် သွားလာရေးအဆင်ပြေဖို့ ပလက်ဖောင်းတွေမှာ လျှောဆင်းတော့လုပ်ပေးထားပါရဲ့ သွားနေရင်းနဲ့ လမ်းအလယ်လောက်မှာ ဓာတ်တိုင်က စိုက်ထားပြန်ရော။ နောက် သွားလာရေးမှာ ဘတ်စ်ကာ…းတွေက ခရီးသည်တင်ရင် မြန်မြန်တက် မြန်မြန်တက် ဆိုတော့ ချိုင်းထောက်နဲ့ ၀ှီးချဲနဲ့သူတွေက ဘယ်လိုလုပ်မြန်မြန်တက်နိုင်မလဲ ဒီအခက်အခဲတွေ ရှိတယ်။”
ဒေါ်အေးသဉ္ဇာမောင် – မသန်စွမ်းအမျိုးသမီးအသင်း ဗဟိုအလုပ်အမှုဆောင်
……………………………………………………
“နားမကြားကျောင်းတွေက လူမှုဝန်ထမ်းလက်အောက်မှာရှိနေတယ်။ ကျနော်တို့ကို ဖိထားတယ်၊ အကြောက်တရားနဲ့အုပ်ချုပ်တယ်။ နားမကြားတွေအတွက် သင်မယ့် ဆရာ၊ ဆရာမတွေကိုယ်တိုင်က လက်သင်္ကေတတွေ မသိဘူး၊ သင်နည်းတွေမသိကြဘူး။ ကျွမ်းကျင်မှုရှိလာတဲ့ ဆရာ၊ ဆရာမတွေရှိလာပြန်တော့… နေရာရွှေ့လိုက်ပြန်ရော။”
ဦးနိုင်လင်း – အကြားအာရုံချွတ်ယွင်းသူ ကုမ္ပဏီဝန်ထမ်းတဦး
…………………………………………………….
“လွှတ်တော်ထဲသွားဖို့ဆိုတာထက် မသန်စွမ်း အယောက်တိုင်းစီမှာ မဲပေးဖို့အခွင့်အရေး ရှိဖို့ပေါ့။ ပါတီတွေ ကိုယ်တိုင်ကလည်း မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားမှုမရှိဘူး။ ဘယ်နေရာမှာသွားပေးရမလဲ၊ ဘယ်သူ့ကိုပေးရမလဲ၊ ဘယ်ပါတီကိုပေးရမလဲ။ မသန်စွမ်းတွေမှာလည်း ကိ…ုယ်တိုင်မဲသွားပေးချင်တဲ့သူတွေလည်း ရှိမှာပဲ။ မျက်မမြင်တွေ၊ နားမကြားတဲ့သူတွေ…..လူတိုင်းတစ်ယောက်ချင်းစီမှာ အခွင့်အရေးရှိရယ်။’’
ဦးစောသက်အောင် – မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့
…………………………………………………………………………………………………………………………………………………………………