Highlights form the Burma reform show

22/11/14: How far has Burma reformed?

“ပညာရှင်တွေအမြင်အရ ကျနော်တို့ မြန်မာ့အပြောင်းအလဲက မြန်လွန်းနေတယ်.အန္တရာယ်ရှိတယ်တဲ့။ ကျနော်တို့ အပြောင်းအလဲလုပ်တာမှာ စနစ်တကျပြောင်းလဲနိုင်ဖို့လိုတယ်. ကျနော်တို့မှာ ဒီလိုပြောင်းနိုင်မယ့် စွမ်းဆောင်ရည်(capacity)မရှိဘူး. ပြောင်းချင်တာနဲ့ ပြောင်းမယ် ပြောင်းမယ်ပဲ ပြောနေကြတယ်။”
ဒေါက်တာတင်မောင်သန်း – မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း ဒါရိုက်တာ

“ပြည်သူတွေက ဆင်းရဲဒုက္ခရောက်နေကြပြီ ဒါကြောင့် အပြောင်းအလဲကို အမြန်လိုအပ်နေကြတာ”
ဦးအောင်ကြည်ညွန့် – အမျိုးသားလွှတ်တော်အမတ်
———————————————————-
“ငါတို့ မင်းတို့ဆိုတဲ့အမြင်တွေ ပြောင်းဖို့လိုတယ်။ အခုဆို ကျနော်တို့လည်း ရှုမြင်ချက်တွေ ပြောင်းနေပြီ။ အခု အမျိုးသားပညာရေးဥပဒေကြမ်းကိစ္စမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ကျနော်တို့ညှိတယ်. အရင်ဖြေရှင်းနည်းတွေနဲ့ မတူတော့ဘူး။ အားလုံးနဲ့ ဖွင့်ကစားနေပါတယ်။ ဒါအရွေ့ပဲ။”
ဦးဇော်ဌေး – သမ္မတရုံးညွှန်ကြားရေးမှူး
———————————————————-
“ခေတ်စနစ်အပြောင်းအလဲမှာ ပြည်သူတွေဘယ်လောက် အကျိုးခံစားရလဲ..အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ ဘ၀ ဘာမှတိုးတက်မလာဘူး။ အဲတော့ လက်ရှိအခြေအနေဟာ ပြုပြင်ပြောင်းလဲဖို့ အစပြုနေတယ်လို့ပဲ မြင်တယ်။”
ဦးဖေသန်း – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
———————————————————-
“ခေတ်မမီတော့တဲ့ မြေပုံတွေချပြီး ဒီမြေက လွတ်တယ် မြေလွတ်မြေရိုင်းဖြစ်တယ်ဆိုပြီး လုပ်ငန်းရှင်တွေကိုချပေးတယ်။ တကယ့် မြေပြင်မှာကျ ဓားမဦးချ နှစ်ပေါင်းများစွာလုပ်လာတဲ့ လယ်သမားတွေအများကြီးရှိတယ်။”
ဦးဖေသန်း – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

“အဲလို မြေပုံနဲ့မြေပြင်ကွာဟချက်တွေကြောင့် အခုဆို ကျနော်တို့အစိုးရအနေနဲ့ လယ်ယာမြေအသုံးချမှု မူဝါဒ ဥပဒေကြမ်းတွေ ချမှတ်ဆောင်ရွက်နေပြီ။”
ဦးဇော်ဌေး – သမ္မတရုံးညွှန်ကြားရေးမှူး

“ဆရာတို့က လုပ်နေတယ်ပြောနေပေမယ့် လယ်သမားတွေက အောက်ခြေမှာ ဘ၀ပျက်နေပြီ။”
ဦးဖေသန်း – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
——————————————————-
“ကျနော်တို့အရင်က အမိန့်နဲ့ ညွှန်ကြားချက်နဲ့ သွားခဲ့တာ။ အခု ဥပဒေတွေနဲ့ သွားနေပြီ။ ပြည်တွင်းငြိမ်းချမ်းရေးမရသေးတာနဲ့ ပြုပြင်ပြောင်းလဲရေးက နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။”
ဦးဇော်ဌေး – သမ္မတရုံးညွှန်ကြားရေးမှူး
——————————————————