Highlights from the Homeless Debate

01/31/15: Man 1: Pointing at the car: "That is a low cost car" Man2 : "Showing a car" Man 1: "This is low cost house" Man 2: "Showing a house" People holding sing boards: Our Land Back! Our House back! Our Authority back! Man 1: "This one is protesting like me, also a low cost man" Man 2: "This is showing the truth"

“ရန်ကုန်လူဦးရေ ၆၀% ဟာ အိုးအိမ်မဲ့လူတန်းစားတွေပါ. တန်ဖိုးနည်းအိမ်ရာတွေဖော်ဆောင်နေပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ အိမ်မက်တောင် မမက်ရဲတဲ့ အခြေအနေပါဗျာ။ လက်ထဲမှာ သိန်း ၃၀ တောင်မရှိတဲ့လူက တန်ဖိုးနည်းအိမ်ရာ တန်ဖိုး သိန်း ၁၂၀ ဆိုတာ အလှမ်းဝေးနေဦးမှာပဲ။”
ဦးကျော် – ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်

“ဖွံ့ဖြိုးပြီး အရမ်းချမ်းသာတဲ့နိုင်ငံတွေမှာတောင် အိုးမဲ့အိမ်မဲ့ရှိသေးတယ်. အစိုးရအနေနဲ့လည်း လက်ရှိဝန်ထမ်းတွေကိုတောင် အပြည့်အ၀ ထောက်ပံ့ပေးနိုင်တာမရှိသေးဘူး။ ဒီတော့ သက်သာတဲ့ အိမ်ငှားခတွေသတ်မှတ်ပြီးတော့ပဲ အိမ်ယာမဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဦးမယ်”
ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)

“မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာက လူတွေက အိမ်ငှားခတောင် မပေးနိုင် မတတ်နိုင်တော့ဖြစ်နေတာ”
ဦးအောင်မြင့် – နာယက၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း

“ကျမတို့ ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှာဆိုရင် စီမံကိန်းလုပ်နေတုန်းမှာပဲ ကျူးကျော် ၁၀၀၀ ရောက်လာတယ်. နောက် ၂၀၀၀-၃၀၀၀ ဖြစ်လာတယ်။ ဒါနဲ့ အန်ဂျီအိုအဖွဲ့နဲ့ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးတော့ ဘာတွေ့လဲဆိုတော့ လူတယောက်ထဲကပဲ ကျူးကျော်တဲ အလုံး ၉၀ လောက်ပိုင်နေတာတွေ့တယ်. အဲလူတွေက အငှားပြန်ချထားတာ ဖြစ်နေတယ်။”
ဒေါ်မီမီတင် – ညွှန်ကြားရေးမှူး၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

“ကျူးကျော်နဲ့ပတ်သက်လို့က သူတို့တွေဟာ အခမဲ့ကျူးကျော်နေ နေတာ မဟုတ်ပါဘူး. ဒလဆိပ်ကမ်းဘက်ခြမ်းမှာဆို သူတို့တွေဟာ ဆိုင်ရာ ဆိုင်ရာတွေကို ငွေပေးပြီး အိမ်ဆောက်ထားရတာပါ။ ဖော်ထုတ်ရမှာက ဘယ်သူတွေက ငွေကောက်ပြီး ဒီနေရာကို ရောင်းသွားတာလဲ? ခရိုနီတွေက မြေ၀ယ်ပြီး အငှားချတဲ့ပြဿနာကို အရင်ရှင်းရမယ်။”
ဒေါ်ခင်လှလှ – ဒလမြို့နယ်နေထိုင်သူ

“အိုးအိမ်မဲ့ပြဿနာတွေ ရန်ကုန်မြို့မှာကိုပဲ အထပ် ၇-၈ ထပ်တွေမှာ အိပ်ခန်းတခန်းကို မနက် ၁ ယောက်အိပ်၊ ညနေ ၁ ယောက်အိပ်နေရတဲ့ အနေအထားတွေရှိတယ်။”
ဦးခင်စန်း – လမ်းမတော်မြို့နယ်နေထိုင်သူ