About the next debate

 

ကမ္ဘာပေါ်မှာ ဈေးကွက်သစ်တစ်ခုလို့ တင်စားခံနေရတဲ့ မြန်မာနိုင်ငံမှာ နယ်ပယ်အသီးသီးက ကျွမ်းကျင်
သူလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေရှိလာနေပြီလို့ လေ့လာသူတွေကဆိုပါတယ်။
တချိန်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေမှာ အခြေခံလုပ်သားတွေသာ ပေါများနေပြီး ထိပ်ပိုင်း
ကျွမ်းကျင်ဝန်ထမ်းများကိုရရှိဖို့က အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
မြန်မာနိုင်ငံမှာ လုပ်သားအင်အား သန်း ၃၀ ကျော်ရှိပြီး အဲဒီထဲက ၁၀ ရာခိုင်နှုန်းကျော်ဟာ ပြည်ပမှာသွား
ရောက်အလုပ်လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကသိရပါတယ်။
ကျွမ်းကျင်လုပ်သားအများစုဟာ စင်္ကာပူနိုင်ငံ၊ ဂျပန် နဲ့ ဟောင်ကောင်နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်
ကိုင်နေကြတာပါ။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုမ္ပဏီအချို့ဟာ အလုပ်အကိုင်ပြပွဲတွေကို ပြည်တွင်းမှာအပြင် စင်္ကာပူ
နိုင်ငံအထိပါ သွားရောက်ကျင်းပပြီး ကျွမ်းကျင်လုပ်သားတွေရရှိဖို့ ကြိုးစားလာပါတယ်။
ကျွမ်းကျင်လူငယ်လုပ်သားတွေကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းရရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီး ပြည်တွင်းကပေးနိုင်တဲ့ လုပ်ခလစာနှုန်းထားဟာ မက်လောက်စရာမရှိဘူးလို့ ဝေဖန် ထောက်ပြကြပါတယ်။
လာမယ့် ၂၀၁၈ ခုနှစ်မှာ ဖြစ်လာမယ့် အာဆီယံအသိုက်အမြုံရဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကျွမ်းကျင်လုပ်သား
လွတ်လပ်စွာစီးဆင်းရေးမှာ မြန်မာနိုင်ငံက လူငယ်ကျွမ်းကျင်လုပ်သားတွေအဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အခုကတည်းကပြင်ဆင်ထားဖို့လိုအပ်လာပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့လည်း ခုချိန်ကတည်းက မူဝါဒတွေချမှတ်ပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့လိုအပ်ပါ
တယ်။
ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံအသီးသီးမှာရှိနေကြတဲ့ လူငယ်ကျွမ်းကျင်လုပ်သားတွေအဖို့ ဒီကနေ့
အချိန်မှာ အမှန်တကယ်ကော အခွင့်အလမ်းကောင်းတွေရှိနေပြီလား၊ မိမိတို့ကျွမ်းကျင်မှုနဲ့ထိုက်တန်တဲ့
လုပ်ခလစာ၊ ခံစားခွင့် အပါအ၀င် စိန်ခေါ်မှုတွေနဲ့ပါတ်သတ်ပြီး အခုအပတ်ဒီဘိတ်မှာ မတူညီတဲ့ အမြင် ရှုဒေါင့်မျိုးစုံနဲ့ ဆွေးနွေသွာကြမှာဖြစ်ပါတယ်။