Next on DVB Debate: Federalism a solution?

ဖက်ဒရယ်ဆိုသည်မှာ အစိုးရ နှစ်ရပ်ဖြစ်တဲ့ ဗဟိုအစိုးရနဲ့ ဒေသန္တရ အစိုးရကြား အာဏာခွဲဝေမှု ဖြစ်ပါတယ်။ အဲဒီအစိုးရ နှစ်ရပ်ကြား အာဏာခွဲဝေမှုတွေကို အခြေခံ ဥပဒေက သတ်မှတ်ပေးရပါတယ်။ လက်ရှိမြန်မာ
နိုင်ငံရဲ့အခြေခံဥပဒေမှာတော့ ဖက်ဒရယ်ကိုကျင့်သုံးနိုင်လောက်အောင် အာမခံချက်မပေးထားပါဘူး။
နယ်မြေကျယ်ဝန်းပြီး လူမျိုးနွယ်စုတွေ များပြားတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီကိုအကောင်အထည်ဖော်ဖို့
ဖက်ဒရယ်ကိုကျင့်သုံးကြပါတယ်။
ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရကို ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဖွင့်ဆိုသတ်မှတ်ကြပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေးအရ ၀ါဒမှိုင်းတိုက်မှုတွေကြောင့် ဖက်ဒရယ်စနစ်လို့ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲနိုင်တဲ့စနစ်တစ်ခု
ပုံစံမျိုးနဲ့ မြင်လာခဲ့ကြတာဟာ ဒီကနေ့အချိန်ထိပါပဲ။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာမသိမ်းခင်အထိ ကျင့်သုံးခဲ့ဖူး
ပြီး နောက်ပိုင်းမှာ ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်မှုတွေကို တားမြစ်ပိတ်ပင်လာခဲ့ရာကနေ ပျောက်ကွယ်
ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကနေတက်လာတဲ့ အသွင်ပြောင်းအစိုးရလက်ထပ်မှာတော့ နိုင်ငံရေးအရပြု
ပြင်ပြောင်းလဲမှုတွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အကောင်အ
ထည်ဖော် ကြိုးစားလာခဲ့ပါတယ်။ ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာကို ဘေးဖယ်ထားလို့မရတော့တဲ့အခြေ
အနေဖြစ်လာပါတယ်။ လွတ်လပ်ရေရပြီးကာလကစပြီး နှစ်ပေါင်း ၆၀ ကျော် သူငါတစ်မင်းနဲ့ အစိတ်စိတ်
အမွှာမွှာဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံအတွက် အခုလို တိုင်းပြည်ပြန်လည်တည်ဆောက်ရေး၊ အမျိုးသားပြန်
လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးတွေအတွက် ဖက်ဒရယ်စနစ်ကသာ အာမခံချက်ပေးနိုင်တယ် ဆိုတဲ့
ယုံကြည် ယူဆမှုမျိုးတွေလည်း တချိန်တည်းမှာ ထွက်ပေါ်လာပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိပြီး အဲဒီထဲမှာ ဖက်ဒရယ်စနစ်ကိုကျင့်သုံး
ကြတဲ့နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပါတယ်။ အဓိက ဥပမာပေးရရင် ဖက်ဒရယ်စနစ်ကိုကျင့်သုံးပြီး အောင်မြင်တဲ့
နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံလည်း တစ်နိုင်ငံအပါအ၀င်ဖြစ်ပြီး သူ့မှာ ပြည်နယ်ပေါင်း ၅၀ အထိရှိနေ
ပါတယ်။
ဖက်ဒရယ်စနစ်မှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းအများအပြားရှိနေပါတယ်။ ဖက်
ဒရယ်ကိုကျင့်သုံးမယ့် နိုင်ငံရဲ့ ပထ၀ီအနေအထား၊ လူမျိုးစု၊ ဘာသာယဉ်ကျေးမှု နဲ့ တိုင်းပြည်ရဲ့လက်ရှိ
ပကတိအနေအထားအပေါ်မှာလည်း ဖက်ဒရယ်စနစ်ကို ဘယ်လိုပုံစံမျိုးကျင့်သုံးကြမလဲဆိုတာ အရေးကြီး
ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာ ဗဟိုအစိုးရက လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို နည်းဥပဒေ
မှာ လက်ခံထားတာမရှိပေမယ့် အချို့ပြည်နယ်တွေမှာ ခွင့်ပြုထားပါတယ်။ အလားတူပဲ ကိုယ်ဝန်ဖျက်ချမှုကို
အချို့ပြည်နယ်တွေမှာ လူသတ်မှုလို့သတ်မှတ်ထားပေမယ့် အချို့ပြည်နယ်တွေမှာ တရားဝင်ခွင့်ပြုထားတာကို
တွေ့ရပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို အမှန်တကယ်ကျင့်သုံးမယ်ဆိုရင် လက်ရှိတိုင်းပြည်ရဲ့
အဓိကပြဿနာတွေ ပြေလည်သွားနိုင်မလား ၊ ငြိမ်းချမ်းရေးခရီးလမ်းဟာ ပိုမိုဖြောင့်ဖြူးသွားနိုင်မလား၊
ဒါမှမဟုတ် အထက်မှာဖော်ပြခဲ့သလို နောက်ဆက်တွဲပြဿနာတွေ တစ်သီကြီးနဲ့ဖရိုဖရဲဖြစ်သွားမလား
ဆိုတာတွေနဲ့ပါတ်သတ်ပြီး ယခုအပတ် ၄.၁၀.၂၀၁၄ ရက်နေ့မှာပြုလုပ်မယ့် ဒီဗီဘီဒီဘိတ်မှာ ဆွေးနွေးငြင်း
ခုံသွားကြမှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်မှာလည်း မိမိတို့ရဲ့အနာဂတ်ကံကြမ္မာကို ဘယ်လိုပုံစံမျိုးနဲ့သွားဖို့ ဆန္ဒရှိနေလဲ၊
လက်ရှိအချိန်မှာတော့ တိုင်းရင်သားဒေသတွေနဲ့ ပြည်မကြီးကြားက အမျိုးမျိုးသော ကွာဟချက်တွေကြောင့်
တန်းတူအခွင့်အရေးဆိုတာကို တစ်စိုက်မတ်မတ်တောင်းဆိုနေကြတာပါ။ အလားတူပဲ နှစ်ပေါင်းများစွာ
ခွဲခြားဆက်ဆံခံရမှုတွေနဲ့အတူ လူမျိုးကွဲချင်းမယုံကြည်မှုတွေလည်း သန္ဒေတည်ခဲ့ကြရပါတယ်။ တိုင်းရင်း
သားတွေရဲ့ အသံကို ခေတ်အဆက်ဆက်အစိုးရတွေအနေနဲ့ နားမထောင်ခဲ့ကြပါဘူး။
ဒီကနေ့အချိန်မှာကော အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တိုင်းရင်းသားတွေအနေနဲ့ မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီလို့ဆိုနိုင်ပြီလား၊ အစိုးသစ်အနေနဲ့ တိုင်းရင်းသားတွေရဲ့အသံတွေကို
နားထောင်နေပြီလား၊တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ကော မိမိတိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ထည့်သွင်းဆွေးနွေးကြရဲ့လား၊ တိုင်းရင်းသားတွေဘက်
ကအသံတွေကကော ဘာတွေလဲ ဆိုတာတွေနဲ့ပါတ်သတ်ပြီး ယခုအပတ် ၄.၁၀.၂၀၁၄ ရက်နေ့မှာပြုလုပ်
မယ့် ဒီဗီဘီဒီဘိတ်မှာ ဒုတိယပွဲအဖြစ် ဆွေးနွေးငြင်းခုံသွားကြမှာဖြစ်ပါတယ်။