Next on DVB Debate:Reform Process & Clean Politician

 

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အသွင်ပြောင်းအစိုးရသစ်ရဲ့ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းတွေဟာ နိုင်ငံတကာက ထင်မှတ်မထားလောက်အောင် မြန်ဆန်ခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့
တစ်နှစ် နှစ်နှစ် အတွင်း နိုင်ငံတကာရဲ့ အပြုသဘောဆောင်တဲ့ အားပေးမှုတွေ၊ အသိအမှတ်ပြုမှုတွေ
ကို သိမ်းကျုံးရယူနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့အီးယူကနေ ပိတ်ဆို့ထားတဲ့ ဆန်ရှင်နဲ့ အမည်ပျက်
စာရင်းတချို့တွေဟာလည်း ပယ်ပျက်လာခဲ့သလို သမ္မတဦးသိန်းစိန်နဲ့ အစိုးရပိုင်းခေါင်းဆောင်တွေရဲ့ အနောက်ဥရောပခရီးမှာ မျက်နှာပန်းလှခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၃ ခုနှစ်လည်လောက်ကစပြီး အစိုးရသစ်ရဲ့ပြုပြင်ပြောင်းလဲရေးခရီးစဉ်ဟာ
မရေရာမှုတွေ၊ေ၀၀ါးမှုတွေ နဲ့ အနှစ်သာရအားဖြင့် ကင့်မဲ့လာမှုတွေသာတွေ့သာ တွေ့လာရပါတယ်။
အတက်ပြခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်ဆုတ်ယုတ်လာပါတယ်။ အလားတူပဲ မြန်မာ့နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတွေဟာလည်း အီလည်လည်နဲ့ရှေ့ကိုဆက်မသွားနိုင်ဘဲဖြစ်နေတယ်လို့ နိုင်ငံရေး
လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နောက်ပြန်ဆုပ်သွားတာကိုတွေ့နေရပါတယ်။ ဘယ်လိုအခြေ အနေပဲရှိနေပါစေ အစိုးရသစ်အနေနဲ့ကတော့ လက်ရှိပြုပြင်ပြောင်းလဲရေးခရီးဟာ တတိယအဆင့် ကိုရောက်နေပြီလို့ဆိုပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်တဲ့ ဦးကိုကိုလှိုင် က တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေဟာ နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပေ မယ့် ဒါတွေဟာ ကြမ်းတမ်းတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းပေါ်မှာ မဖြစ်မနေရင်ဆိုင်ရမယ့် မီးစင်ကြည့်ကရတဲ့အခြေအနေ ဖြစ်တယ်လို့ မေးမြန်းမှုတစ်ခုမှာဖြေဆိုထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မည့်သည့်နိုင်ငံကိုမဆို ကြည့်လိုက်ရင် ပြုပြင်ပြောင်းလဲရေးမှာ အဆင်ပြေချောမွေ့
တယ်ဆိုတာ မတွေ့ရဘဲ အဲဒီတစ်ခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေထက်စာရင်
မြန်မာနိုင်ငံဟာ အများကြီးအခြေအနေကောင်းတယ်လို့နိုင်ပါတယ်။ သတင်းအယ်ဒီတာတဦးဖြစ် တဲ့ မသီတာ(စမ်းချောင်း)ကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအကူးအပြောင်းကာလကို ရောက်ပြီလို့ တောင်ပြောလို့မရသေးဘဲ အနီးစပ်ဆုံးပြောရရင် အစိုးရက ပြောင်းလဲဖို့ကြိုးစားနေတယ် ဆိုတာ လောက်ပဲ ပြောလို့ရမယ်လို့သုံးသပ်ထားပါတယ်။

မကြာသေးမီးက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာ့နိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ သိသာထင်ရှားတဲ့တိုးတက်မှုမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် “လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးဟာ ဘယ်အထိခရီးပေါက်ပြီလဲ”
ဆိုတဲ့ခေါင်းစဉ်နဲ့ အစိုးရသစ်ရဲ့လက်ရှိပြုပြင်ပြောင်းလဲနေမှုအတိုင်းအတာတွေ၊ လက်တွေ့ကျမှုတွေ၊
နှစ်ဖက်အမြင်သဘောထားတွေ၊ နိုင်ငံတကာအမြင်တွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခရီး အနီးအဝေးကို ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာနေလဲ၊ တိုင်းတာသင့်လဲ စတာတွေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းအတွင်း ဘာတွေ လက်တွေ့ကျကျဆောင်ရွက်ဖို့လိုလဲ စသဖြင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်မှာ ဆွေးနွေးငြင်းခုံသွားကြမှာဖြစ်ပါတယ်။
ဒါ့အပြင် အခုအပတ် ဒီဗီဘီ ဒီဘိတ်ကို နေပြည်တော် မြတ်တော်ဝင်ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး
“ဒီကနေ့ မြန်မာနိုင်ငံဟာ ဘယ်လိုခေါင်းဆောင်မျိုးကို လိုအပ်တာလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီဘိတ်ကို
လည်း အဲဒီနေ့မှာ ဒုတိယပွဲအဖြစ်တစ်ဆက်တည်းပြုလုပ်သွာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအနေအထားအရ ဘယ်လိုပုံစံ၊ စနစ်နဲ့ သွားမယ့်ခေါင်းဆောင်မျိုးလိုအပ်
တာလဲ ဆိုတာအပါအ၀င် မျိုးဆက်တစ်ခုနီးပါး နိုင်ငံရေးသားကြောဖြတ်ခံထားရတဲ့မြန်မာနိုင်ငံအတွက်
အနာဂတ်မှာ ခေါင်းဆောင်နိုင်မယ့် နိုင်ငံခေါင်းဆောင်မျိုးဆက်သစ်တွေ ရှိနေပြီလား ဆိုတာတွေအပေါ်မှာ
လည်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်အနေနဲ့ မျိုးဆက်သစ်တွေကို ရုရှား
လို နိုင်ငံမျိုးတွေမှာ စနစ်တကျစေလွှတ်ပြီး အနာဂတ်အတွက် အစီအစဉ်တွေချထားတာကိုတွေ့ရပြီး
အရပ်သားတွေဘက်မှာကော နိုင်ငံကိုခေါင်းဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့ မျိုးဆက်သစ် နိုင်ငံရေး
သမားလူငယ်တွေပေါ်ပေါက်လာဖို့ လက်ရှိနိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လောက်ထိ စနစ်တကျ စီမံထားလဲ ဘယ်ဘက်ကပိုမိုအားကောင်းမှုရှိနေလဲ စတာတွေအပေါ်မှာလည်း ထည့်သွင်း
ဆွေးနွေးသွားမှာဖြစ်ပါတယ်။