Next on DVB Debate:Sexual Harassment

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေဟာ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေမှာ
ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်လာနေပါပြီ။ ဒီမိုကရေဒီအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံ
မှာတောင် အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရတယ်လို့
CDCP Centers for Disease Control and Prevention  စစ်တမ်းအရသိရပါတယ်။ အမေရိကန်တွေကိုယ်
တိုင်တောင် ပြည်သူတွေကြားမှာ လိင်ပိုင်းဆိုရာနှောက်ယှက်စော်ကားခံမှု ဒီလောက်ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်နေမယ်မထင်ထားခဲ့ဘူးလို့ဆိုပါတယ်။

ဗုဒ္ဓဘာသာတရားထွန်းကားတဲ့ ဟီရိသြတ္တပ္ပ အရှက်အကြောက်ကြီးမားတဲ့ မြန်မာနိုင်ငံမှာလည်း
ခုချိန်မှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုတွေဟာ အမေရိကန်နိုင်ငံလို ထင်မှတ်မထားလောက်
အောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ၊ သင်္ကြန်လိုပျော်ပွဲရွှင်ပွဲတွေမှာ အမျိုးသမီးတွေဟာ ယခုလိုအခြေအနေတွေ
ကို ပိုမိုကြုံတွေ့နေကြရပါတယ်။ ခရီးသည်တင်ဘတ်စ်ကားတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုအများဆုံး ခံရတယ်လို့ယူဆတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ်တွေက အမျိုးသမီးသီးသန့်ယာဉ်လိုင်းတချို့ပြေးဆွဲခဲ့ကြပါတယ်။
အောင်မြင်မှုမရရှိခဲ့ပါဘူး။
ယခုလ၂၇ ရက်နေ့မှာလည်း နံပတ် ၃၁ ယာဉ်လိုင်းကနေ ရန်ကုန်မြို့တွင်း အမျိုးသမီးသီးသန့်ယာဉ်လိုင်းကို
စတင်ပြေးဆွဲနေပါတယ်။ လေ့လာသူတွေကတော့ မအောင်မြင်နိုင်ဘူးလို့ဆိုပါတယ်။

ရန်ကုန်မြို့မှာ ခရီးသွားပြည်သူလူထုရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အဲဒီထဲက ၅၀
ရာခိုင်နှုန်းဟာ ကားပေါ်၊ရထားပေါ်တွေမှာ ကာအိနြေ္ဒနှောက်ယှက်စော်ကားခံနေရတယ်လို့ စစ်တမ်းအရသိရ
ပါတယ်။

မြန်မာအမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးမားကြသလို တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေမှာ ပြဿနာတွေ၊ နှောက်ယှက်စော်ကားခံရတာတွေကို အများအားဖြင့် မြိုသိပ်ထားတတ်ကြပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်သူတွေ တစ်စထက်တစ်စများပြားလာတဲ့အချက်တစ်ခုလို့ဆိုရပါမယ်။

တစ်ဖက်မှာလည်း မြန်မာပြည်ရဲ့နိမ့်ကျတဲ့ပညာရေးစနစ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် နိမ့်ပါးလာတဲ့ ကိုယ်
ကျင့်တရား၊ မွန်းကျပ်မှုတွေနဲ့လူငယ်ဘ၀၊ အလျှင်အမြန်ပြောင်းလဲလာတဲ့ ခေတ်ရေစီး၊ နိုင်ငံတကာယဉ်ကျေး
မှုတွေနဲ့ခေတ်ဆန်လွန်းလာတဲ့ အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှု နဲ့ နေထိုင်မှုပုံစံနဲ့ စတာတွေကြောင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုခြေအနေတွေ ပိုမိုဖြစ်ပေါ်လာစေပါတယ်။ အလားတူပဲ လူမှုကွန်ယက်
မီဒီယာအသုံးပြုပြီး အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုတွေဟာ အမျိုးသမီး ၄ ယောက်
မှာ တစ်ယောက် ကြုံတွေ့နေရတယ်လို့စစ်တမ်းတွေအရသိရပါတယ်။

ဒါကြောင့် ယခုအပတ်ဒီဘိတ်မှာ” မြန်မာအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုတွေကို
ဘယ်လိုရပ်တန့်ကြမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာကြောင့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ ပိုများလာတာလဲ၊
ကျား၊မ ခွဲခြားဆက်ဆံခံရမှုနဲ့ ယဉ်ကျေးမှုဓလေ့ ၊ ဥပဒေထုံးတမ်း စတာတွေအပေါ် မတူညီတဲ့အမြင်တွေနဲ့
ဆွေးနွေးငြင်းခုံသွားကြမှာဖြစ်ပါတယ်။