Next on DVB Debate: Sim Card

541633_564972356876740_1651049347_n3

 

 

 

 

 

 

 

 

လူတစ်ဦးနဲ့တစ်ဦး တစ်နယ်နဲ့တစ်နယ် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြောဆိုနိုင်ဖို့ လွန်စွာမှ ခက်ခဲလှတဲ့
နှစ်ကာလပေါင်းများစွာကို ကျော်လွန်ပြီး ဒီကနေ့အချိန်မှာတော့ မြန်မာပြည်သူတွေဟာ ငွေကျပ် ၁၅၀၀ နဲ့ ၀ယ်ယူအသုံပြုနိုင်ကြပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒါတောင် လွယ်လွယ်ကူကူနဲ့နေရာအနှံ့ဝယ်ယူနိုင်သေးတာမဟုတ်ပါဘူး။ အခက်အခဲမျိုစုံကြား
ထဲကမှ အခုလိုဝယ်ယူအသုံးပြုနေကြရတာဖြစ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးသမိုင်းကိုပြန်ကြည့်ရင် ၁၉၉၅ ခုနှစ်မှာ ဆယ်လူလာလို့ခေါ်တဲ့ မိုဘိုင်းဖုန်းကို မြန်မာနိုင်ငံ
အတွင်း စတင်အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ မိုဘိုင်းဖုန်းစုစုပေါင်း ၂၀၀၀ ကျော်လောက်ပဲရှိသေးပါတယ်။
အဲဒီဖုန်းလိုင်းကိုရရှိဖို့ ငွေကျပ် သိန်း ၂၀ နဲ့ ၄၀ ကြားကုန်ကျပြီး အမှန်တကယ်ချမ်းသာတဲ့ လူမျိုးတွေသာ ကိုင်ဆောင်နိုင်တဲ့ကာလလို့တောင် ပြောလို့ရပါတယ်။ အစိုးရနဲ့နီးစပ်တဲ့သူများသာ အများအာဖြင့် ကိုင်ဆောင် ခွင့်ရရှိကြတာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ GSM ခေါ် မိုဘိုင်ဖုန်းလိုင်းကို ကျပ် ၁၅ သိန်းနဲ့ မြန်မာ့ဆက်သွယ်ရေးက ရောင်းချ အသုံးပြုခွင့်ပေးခဲ့ပြီး အပြင်မှောင်ခိုဈေးကွက်မှာတော့ ကျပ် သိန်း ၂၀ ကျော်အထိဈေးပေါက်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ သုံးစွဲသူဦးရေပေါင်း ၁၂၈၅၁၅ ယောက်ရှိလာပါတယ်။ ဒါဟာမြန်မာလူဦးရေ စုစုပေါင်း သန်း
၅၀ ကျော်နဲ့ဆိုရင် တကယ်ကို မပြောပလောက်စရာအခြေအနေမှာပဲရှိနေခဲ့တယ်လို့ဆိုရမှာပါ။ အိမ်နီးချင်း
ထိုင်းနိုင်ငံ၊ လာအိုနဲ့ ဘင်္ဂလားဒေရှ့်လိုနိုင်ငံမျိုးမှာ လမ်းဘေး တောင်းရမ်းစားသောက်သူတွေတောင် ကိုင်နိုင်တဲ့
အခြေအနေဖြစ်နေပါပြီ။ ဒါဟာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုရေချိန်လို့ဆိုရမှာပါပဲ။
အဲဒီနောက် ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်တွေမှာ CDMA ကော GSM ဖုန်းလိုင်းတွေပါ ဆက်တိုက်ဆိုသလို
မြန်မာ့ဆက်သွယ်ရေးက ထပ်မံတပ်ဆင်လာခဲ့ပါတယ်။ ဖုန်းဆင်းမ်ကဒ်တွေဟာ ၁၅ သိန်းမှ ၅ သိန်း၊ ၅ သိန်း
မှ ၂ သိန်း၊ ၂ သိန်းမှ ၁၅၀၀ ကျပ်ထိ ဖြစ်လာခဲ့ပေမယ့်လည်း လူတိုင်းအသုံးပြုနိုင်ဖို့ မှောင်ခိုဈေးကွက်တွေက
ပိတ်ကာထားပါတယ်။
အစိုးရသစ်လက်ထပ်မှာ ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ လာရောက်လုပ်ကိုင်ဖို့ ခွင့်ပြု
ပေးခဲ့ပြီး ကာတာအခြေစိုက် အော်ရီဒူးနဲ့ နော်ဝေးအခြေစိုက် တယ်လီနောတို့ လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။
လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံဧရိယာရဲ့ ၉၀% ကို မိုဘိုင်းကွန်ယက်လွှမ်းခြုံပေးသွားမယ်လို့ အော်ရီဒူး
နဲ့ တယ်လီနောက ဆိုပါတယ်။
၂၀၁၃ ဇူလိုင်လမှာတော့ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍကို အောရီဒူးက သမိုင်းသစ်ရေထိုးနိုင်ခဲ့ပါတယ်။
ငွေကျပ် ၁၅၀၀ ကျပ်နဲ့ မဲနှိုက်စရာမလိုပဲ ၀ယ်ယူအသုံးပြုနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဟာ
အကျပ်အတည်းပေါင်းများစွာနဲ့နှစ်ပေါင်းများစွာ သည်းခံအသုံးပြုနေခဲ့ရတဲ့ မြန်မာ့ဆက်သွယ်ရေး MPT
ထက် ပိုကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ မှေးမှိန်သွားခဲ့ရပါတယ်။ ဖုန်းလိုင်းထင်သလောက်
မကောင်းတာ၊ အင်တာနက်နှုန်းထားခတွေဟာ အိမ်နီးချင်းနိုင်ငံတွေထက် ၂ ဆကျော် များပြားနေတာ
နဲ့ နေရာအနှံ့အသုံးပြုလိုမရတာတွေကြောင့်ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အရင်ကာလတစ်လျှောက်
လုံး သုံးစွဲသူတွေအပေါ် ဂရုတစိုက်မရှိခဲ့တဲ့ MPT ဟာ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတချို့နဲ့ ရင်းနှီးမြှုပ်နှံမှုရရှိပြီး နောက် မူဝါဒတွေပြောင်းလဲကာ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။
သုံးစွဲသူပြည်သူတွေဟာ နောက်ဆုံးထွက်ရှိလာတဲ့ တယ်လီနော ဆင်းမ်ကဒ်ကို ဆက်လက်စောင့်မျှော်
ဝယ်ယူသုံးစွဲဖို့ ရည်မှန်းနေကြပါတယ်။ ဖုန်းလိုင်းသုံးစွဲမှုအဆင်ပြေချောမွေ့မှုအတိုင်းအတာ ဘယ်လောက်
ရှိမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍမှာ သုံးစွဲသူပြည်သူတွေ ဘယ်လောက်စိတ်ကျေနပ်
မှုရှိနေလဲ၊ လက်ရှိသွားနေတဲ့ ဆက်သွယ်ရေးမူဝါဒတွေဟာ ဘယ်လောက်လက်တွေ့ကျလဲ၊ ဘယ်လို
အခက်အခဲတွေရှိနေလဲ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာဒေသမရွေး ဖုန်းသုံးစွဲနိုင်ဖို့ ဘာတွေက
အဓိကကျလဲ စတာတွေအပေါ်အခြေခံပြီး ယခုအပတ်ဒီဗီဘီ ဒီဘိတ်ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။