Next on DVB Debate: Yangon Elections

Yangon_DVBD

လူဦးရေ ၅.၂ သန်းရှိတဲ့ရန်ကုန်မြို့မှာ မကြာခင်မှာပဲ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ (မြူနီစပယ် ရွေး ကောက်ပွဲ)တွေကို ကျင်ပတော့မှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို ကိုယ် စား ပြုမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ရွေးကောက်ပွဲတစ်ခုလို့ဆိုနိုင်ပါတယ်။
ယခုလိုရွေးကောက်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ယခုပြုလုပ်မယ့်ရွေးကောက်ပွဲ
ဟာ ဒုတိယအကြိမ်မြောက်ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး
အတွင်း တပြိုင်နက်ကျင်းပသွားမှာဖြစ်ပါတယ်။ သို့သော်ရွေးကောက်ပွဲကျင်းပဖို့ ၂ ပတ်သာလိုတော့ပေမယ့် ရန်ကုန်မြို့သူမြို့သားတွေကြားမှာ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိမှုမရှိသလို စိတ်ဝင်စား
မှုမှာလည်း အားရစရာသိပ်မရှိတာကိုတွေ့ရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ အသိပေးမှုတွေကို ရွေးကောက်ပွဲတာဝန်ယူကျင်ပပြုလုပ်သူတွေအနေနဲ့ အင်တိုက်အားတိုက်မဆောင်ရွက်တာ
ကြောင့်လည်းပါတယ်လို့ဆိုရပါမယ်။ အလားတူပဲ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ၊ ကိုယ်စားလှယ်လောင်း
တွေရဲ့အရည်အချင်း ၊ ရွေးချယ်မယ့် ကိုယ်စားလှယ်အရေအတွက် ၊ ရွေးကောက်ပွဲစည်းမျဥ်း စတာတွေနဲ့ပါတ်
သတ်ပြီးတော့လည်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မကျေလည်မှုတွေ အငြင်းပွာစရာတွေရှိနေပါတယ်။
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲတွေကို ယခုလိုပြန်လည်ကျင်ပနိုင်ဖို့အတွက် ရန်ကုန်မြို့တော်မြူနီစပယ်
အက်ဥပဒေကို ၂၀၁၃ ခုနှစ်မှာပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၁၉၉၀ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ဥပဒေနဲ့ ၁၉၂၂ ရန်ကုန်မြူနီစပယ်အက်ဥပဒေတို့ကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ
ကလည်း ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ ရွေးကောက်ပွဲတွေကျင်းပပေးရမယ်လို့ညွှန်ကြားခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း မဲအများစုနဲ့ ရန်ကုန်မြို့တော်မြူနီစပယ်ရွေးကောက်ပွဲဆိုင်ရာ နည်း ဥပဒေ(၂၀၁၄) ကိုပြဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ စုစုပေါင်း နေရာ ၁၁၅ နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးထွက်
ရှိလာတဲ့စာရင်းအရ အထက်ပါနေရာတွေအတွက် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကိုယ်စားလှယ်ပေါင်း ၂၉၃
ယောက်ရှိတယ်လို့သိရပါတယ်။
မည်သို့ပင်ဆိုစေ ယခုစည်ပင်ရွေးကောက်ပွဲဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတစ်ခုရဲ့ အနှစ်သာရတခုဖြစ်ပါ
တယ်။ ပြည်သူ့အကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးချင်သူ၊ပေးနိုင်သူတွေအတွက် ဒီရွေးကောက်ပွဲဟာ အမိအရဖမ်းဆုပ်ထားရမယ့် အခွင့်အရေးတစ်ရပ်လည်းဖြစ်လာပါတယ်။ အလားတူပဲ ရွေးကောက်ပွဲစည်းမျဉ်း
ဥပဒေရဲ့ အားနည်းချက်အချို့အရ ယခုရွေးကောက်ပွဲမှာ ကိုယ်ကျိုးရှာမည့်သူတွေလည်းပါလာနိုင်ပါတယ်။
တချိန်တည်းမှာပဲ ဒါတွေကိုလေ့လာစောင့်ကြည့်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေလိုအပ်လာပါတယ်။ခုချိန်ထိ
တော့ အဖွဲ့အစည်းတစ်ခုလောက်ပဲ လေ့လာစောင့်ကြည့်မယ်ဆိုတဲ့သံကြားရပါသေးတယ်။
ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တွေကတော့ ကြွေးကြော်သံမျိုးစုံနဲ့ ကတိက၀တ်မျိုးစုံနဲ့ စည့်ရုံးမှုတွေလုပ် နေ ပါပြီ။တကယ်လို့ ရွေးကောက်ခံရရင် စည်းရုံးလှုံ့ဆော်စဉ်ကပေးထားတဲ့ ကတိတွေကို ဘယ် လောက်လုပ် ဆောင်နိုင်မလဲ လုပ်ဆောင်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာပိုကောင်းပါတယ်။ ဒါက စိတ်လှုပ်ရှားစရာပါ။ ရွေးကောက်ခံမယ့် ပြည်သူ့ဘက်တော်သားကိုယ်စားလှယ်တချို့ကတော့ နေရာအချိုးအစားနဲ့ ပေးထားတဲ့ လုပ်ပိုင်ခွင့်ဟာ အားရစရာမရှိလောက်ပေမယ့် ဒါဟာပြည်သူတွေအတွက် အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဆို ပါတယ်။
ဒါ့ကြောင့် အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ လာမယ့်ရန်ကုန်မြို့တော် မြူနီစပယ်ရွေးကောက်ပွဲရဲ့စိန်ခေါ်မှုတွေ
ရှေ့အလားအလာတွေနဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ကတိက၀တ်တွေကို ဘယ်လောက် လုပ်ဆောင် နိုင်မလဲဆိုတာတွေအပေါ် ဆွေးနွေးငြင်းခုန်သွားကြမှာဖြစ်ပါတယ်။
Come and join with DVB Debate.